Sunday, 9 April 2023

ချေးငွေဖြင့် လုပ်ငန်းလုပ်လျှင် အောင်မြင်မှာလား

 ချေးငွေ ဖြင့် လုပ်ငန်းလုပ်လျှင် အောင်မြင်မှာလား



မိတ်ဆွေတို့ လုပ်ငန်းရှင်များ အနေဖြင့် ဘဏ်ချေးငွေ ယူပြီး လုပ်ငန်းဆောင်ရွက်ဖို့ စဉ်းစားနေလျှင် အောက်ပါအချက် (၃) ချက် အား မိမိကိုယ်တိုင် ပထမဆုံး သုံးသပ်ကြည့်ပါ


(၁) Loan Interest (ဘဏ်အတိုး)


 ချေးငွေရယူပြီးပါက ပထမဦးစွာ ဘဏ်တိုး သည် လစဉ်ပေးရတော့မည်ဖြစ်ပါသဖြင့် မိမိရဲ့ အသုံးစရိတ် (Charges)တစ်ခု တိုးလာသည်ကိုသတိပြုရမည်ဖြစ်ပါသည်။ မိမိဝင်ငွေ နှင့် ကိုက်ညီမှုရှိတဲ့ ချေးငွေပမာဏ ကို လျှောက်ထားသင့်ပါတယ်…….

 

ဘဏ်များ၏ချေးငွေ အတိုးနှုန်းများမှာ -

 (က)JICA – တစ်နှစ်လျှင် (5.5%)

 (ရပ်ကွက်အတိုးကဲ့သို့ပြောလျှင် တစ်လလျှင်(0.45ပြား))


(ခ) Loan (Comercial Loan / Term Loan) 

တစ်နှစ်လျှင် (10%)            

 (ရပ်ကွက်အတိုးကဲ့သို့ပြောလျှင် တစ်လလျှင် (0.83ပြား)


(ဂ) CFB Loan (Cash Flow Base) 

တစ်နှစ်လျှင် (10 -14%)

(ရပ်ကွက်အတိုးကဲ့သို့ပြောလျှင် တစ်လလျှင်(1ကျပ်16ပြား)


(၂) Market Analysis (ကုန်စည်ဈေးကွက်)


 မိမိလုပ်ငန်းနယ်ပယ်ရဲ့ ဈေးကွက်အား စနစ်တကျကြိုတင်လေ့လာထားပြီး ဖြစ်နိုင်ချေ များအား ပြင်ဆင်ထားမှ သာ ချေးငွေများအား ရင်းနှီးမြုပ်နှံတဲ့အခါ အကျိုးအမြတ်ရရှိမှာဖြစ်ပါတယ် ….. မိမိ၏ Product ရဲ့ ဈေးကွက်ဝယ်လိုအား(Demand) အား ကောင်းကောင်းဖြည့်ပေးရန် ဘဏ်ချေးငွေဖြင့် ဆောင်ရွက်ပါ

 လုပ်ငန်းရှင်များအနေဖြင့် ချေးငွေချေးယူရန် အကြောင်းပြချက်မှာ ဈေးကွက်ချဲ့ထွင်ရန်(Market Penetration) ၊ နည်းပညာဝယ်၍ ကုန်ထုတ်လုပ်မှုတိုးထုတ်ရန် (Digitization)၊ စသည်ဖြင့်သာ ငွေချေးယူဖို့ လုပ်ဆောင်သင့်ပြီး Personal Use(ကိုယ်ရေးကိုယ်တာ)များ မသုံးမိ စေရန်လည်း လိုအပ်ပါသည်။ ဉပမာ- ဘဏ်ချေးငွေဖြင့် လူနေအိမ် ဆောက်ခြင်း၊ ကျောင်းထားခြင်း၊ ဇိမ်ခံကားဝယ်ခြင်း၊ အလှူလုပ်ခြင်း စသည်များက မိမိလုပ်ငန်းအား ဝင်ငွေ (Income)မတိုးစေပဲ အသုံးစရိတ် (Charge)သာတိုး စေပါတယ်


(၃) Leadership (Team Leader)


 မိမိလုပ်ငန်းမှာ မိမိတစ်ဦးတစ်ယောက် အပေါ် အလွန်အမင်း မှီခိုပြီး လုပ်ငန်းမလည်ပတ်သင့်ပဲ သူနေရာ နှင့် သူ ယုံကြည်စိတ်ချရသူ/ လုပ်ငန်းဆက်ခံမည်သူများ ဖြင့် ဆောင်ရွက်သင့်ပါသည်။ သို့မှသာ မိမိ ကျန်းမာရေး၊ လူမှုရေး ပြသနာများ ကြုံတွေ့လျှင်လည်း လုပ်ငန်းမှာ ရပ်မသွားပဲ ဆက်လက် လည်ပတ်နေမည်ဖြစ်ပါသည်။


အထက်ပါအချက်များအား စဉ်းစားပြီး လူကြီးမင်းတို့ရဲ့ သဘောထား မှတ်ချက်များကိုလဲ Comment တွင် ဝင်ရောက်ဆွေးနွေးသွားဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျ


#ချေးငွေ

#SME

SME ဆိုတာဘာလဲ ?

 Small and Medium Enterprises (SME)
အသေးနှင့်အလတ်စားလုပ်ငန်း
မြန်မာနိုင်ငံရှိ SME လုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက်စေရေး SME Law (အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ) အား၂၀၁၅ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး SME လုပ်ငန်းများ အား ယခုကဲ့သို့ သတ်မှတ်ထားကြောင်း လေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်………..



ဝန်ထမ်း မှာ အမြဲတမ်းဝန်ထမ်းများသာ ထည့်သွင်းတွက်ချက်နိုင်ပြီး 
မတည်ရင်းနှီးငွေ မှာတော့ မြေတန်ဖိုး ကို ထည့်သွင်း တွက်ချက်မှာ မဟုတ်ပါဘူး …………


ဘဏ်မှာ ငွေချေးရန် ဘယ်လိုအချက်တွေ က အဓိကကျလဲ


 ဘဏ်တွေ ဆီက လွယ်လွယ်ငွေချေးကျမယ်။


မိတ်ဆွေ တို့ လုပ်ငန်းများ တိုးချဲ့ရန် အတွက် ဘဏ်များ မှ ငွေကြေး အရင်း အနှီး ရယူရန် ချေးငွေလျှောက်ထားရာတွင် အောက်ပါ အချက်(၅)ချက်ကို အဓိကထား ပြင်ဆင်ပါက ၁၀၀% ချေးငွေ ရရှိရန် သေချာမှာဖြစ်ပါတယ် ….



နံပါတ်(၁) Business Plan


ဘဏ်များက သူတို့ ချေးပေးလိုက်တဲ့ ငွေကြေးအရင်းအနှီးများ ကို ဘယ်လို၊ ဘယ်နေရာ၊ ဘာပစ္စည်း၊ ဘာကြောင့် သုံးမလဲ ဆိုတာကို အတိအကျ သိချင်ကျပါတယ်၊ သုံးလိုက်ပြီး ဘယ်လို အကျိုးအမြတ် ပြန်ရမလဲပါ တွက်ချက်ပြနိုင်ရင် ချေးငွေ ရရှိဖို့ပိုမိုလွယ်ကူပါတယ်…


နံပါတ်(၂) Repayment Plan


မိမိတို့ လုပ်ငန်းရှင်များ အနေဖြင့် ဘဏ်ချေးငွေ အား အချိန်အားဖြင့် မည်၍မည်မျှ သုံးစွဲချင်သလဲ မိမိ ငွေပေါ် 

မည့်အချိန် ( Term )အားခန့်မှန်း၍ ပြန်လည်ပေးဆပ်မည့် အစီအစဉ် ကောင်းမွန်စွာ တင်ပြနိုင်ရင် ချေးငွေရရှိဖို့ ကောင်းကောင်း အကျိုးရှိမှာဖြစ်ပါတယ် …


နံပါတ်(၃) Financial Statements 


လုပ်ငန်း တစ်ခု ဘယ်၍ဘယ်မျှ အောင်မြင်လဲ ခိုင်မာလဲ ဆိုတာကို Financial Statements တွေကြည့်ပြီး ဘဏ်ကအကြမ်းဖျဉ်း ဆုံးဖြတ်(analysis) ကျပါတယ် … Financial statements မှာ အရေးကြီးဆုံးက 

Capital (မတည်ရင်းနှီးငွေ) ဘယ်လောက်ပမာဏ နဲ့ စလဲတို့ Assets (ပုံသေပိုင်ပစ္စည်း) ပိုင်ဆိုင်မှု ဘယ်လောက်ရှိလဲတို့ Profits and Losses (အရှုံးအမြတ်)ပမာဏတို့ဖြစ်ပြီး တိကျသေချာစွာ တင်ပြနိုင်ရင် ချေးငွေရရှိဖို့ လွယ်ကူစေမှာဖြစ်ပါသည်။

ဥပမာ- အရှုံးပြနေတဲ့ လုပ်ငန်း နှင့် ခိုင်မာမှုမရှိတဲ့လုပ်ငန်းကို ဘယ်ဘဏ်မှ ချေးငွေ ချေးပေးရန်စိတ်ဝင်စားမည်မဟုတ်ပါ


နံပါတ်(၄) Apply to the credit (Loan)


မှန်ကန်တဲ့ ချေးငွေ အမျိုးအစား နှင့် ပမာဏ ရယ် ၊ မိမိလုပ်ငန်း နဲ့ ကိုက်ညီ မဲ့ ဘဏ်ရွေးချယ်တတ်ဖို့လဲ လိုပါတယ်


ဥပမာ - နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းဆို MICB 

          - ကုန်ထုတ်လုပ်မှု(SME) ဆို AYA,YOMA,SMEDB

          - အခြားစီးပွါးရေး ဆို KBZ,MAB စသဖြင့်

မှတ်ချက် ချေးငွေ ထုတ်ချေးဖို့ခေတ္တပိတ်ထားတဲ့ ဘဏ်များရှိပါသဖြင့် စုံစမ်းပြီးမှ လျောက်ထားသင့်ပါတယ်


နံပါတ်(၅) Collateral 


အာမခံပစ္စည်း(အပေါင်ပစ္စည်း) ကတော့ ဂရန်မြေ၊ ဘိုးဘပိုင်မြေ၊ BBC ကျပြီးတဲ့ Condo၊ ပုံစံ(၇)လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်၊ အခြားသုံးစွဲခွင့်ပြုထားတဲ့ 

လန-၃၉ မြေ တို့ကို ချေးငွေ လျှောက်ထားသူ အမည်ပေါက် ဖြစ်မှာသာ ဘဏ်များက လက်ခံမှာဖြစ်ပါတယ် 


မှတ်ချက်- ပုံစံ ၇ ကတော့ စိုက်ပျိုးရေး စရိတ်သာ

ချေးယူလို့ရမှာဖြစ်ပါတယ် 

Sunday, 26 March 2023

How to apply Loan in Myanmar’s Bank?

 ချေးငွေလျှောက်ထားရန် လုပ်ဆောင်ရန်ကိစ္စများ

            မြန်မာနိုင်ငံတွင် ဘဏ်များစွာရှိသည့်အလျောက် လျှောက်ထားနိုင်သည် ချေးငွေအမျိုးအစား များစွာရှိပါသည်။ ဘဏ်များသည် ၎င်းတို့၏ Bank Policy များပေါ်မှုတည်၍ (၁)နှစ်တို(short term) (၂)နှစ်လတ်(medium term) (၃)နှစ်ရှည်(long term) ချေးငွေများအား ထုတ်ချေးပေးလေ့ရှိပါသည်။

            ချေးငွေချေးယူရန် စဉ်းစားနေသောလုပ်ငန်းရှင်များ အနေဖြင့် မိမိလုပ်ငန်း၊ မိမိအစီအစဉ်၊ မိမိနေရာဒေသဖြင့် ကိုက်ညီသော ချေးငွေအား ရွေးချယ်လျှောက်ထားမှသာလျှင် ချေးငွေရရှိရန် ရာခိုင်နှုန်းများ မည် ဖြစ်ပါသည်။ သို့မဟုတ် လျှင် အချိန်ကုန်ငွေပန်း၍ စိတ်ပင်ပန်းမည်သာဖြစ်ပါသည်။ 

Central Bank Rate 7%pa
Minimum Bank Deposit Rate 5%pa

Maximum Bank Lending Rate (Secured)

Maximum Bank Lending Rate (Unsecured)

10%pa

14.5%pa

Reference: central bank of myanmar 

                    လုပ်ငန်းရှင်များအနေဖြင့် ချေးငွေလျှောက်ထားမည်ဆိုပါက အောက်ပါအချက်အလက်များ အဆင့်ဆင့်ပြင်ဆင်ရမည်ဖြစ်ပါသည်။

                (၁) လုပ်ငန်းလိုင်စင်/ စည်ပင်လိုင်စင်

            လုပ်ငန်းလိုင်စင် အား သက်ဆိုင်ရာ မြို့အလိုက် စည်ပင်သာယာရေးဌာန တွင် သွားရောက် လျှောက်ထားရမည်ဖြစ်ပါသည်။ လိုအပ်ချက်များမှာ - 

လုပ်ငန်းလိုင်စင်သစ် လျှောက်ထားရာတွင် ပူးတွဲတင်ပြရသည့် ထောက်ခံချက်များ

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနသို့ လုပ်ငန်းလိုင်စင်သစ် လျှောက်ထားရာတွင် အောက်ဖော်ပြပါ အချက်အလက်များ ပူးတွဲတင်ပြရမည် ဖြစ်ပါသည်-

၁။

ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံချက်။

၂။ 

မြို့နယ်(သို့) ဗဟိုမီးသတ် ဦးစီးဌာန ထောက်ခံချက် (လျှောက်လွှာတွင် ဖြည့်စွက်ပုံစံ ပါရှိပါသည်)

၃။

ဘေးပတ်ဝန်းကျင် အိမ်များ၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက် (လျှောက်လွှာတွင် ဖြည့်စွက်ပုံစံ ပါရှိပါသည်)

၄။

အိမ်ထောင်စုဇယား မိတ္တူ (လျှောက်ထားသူ)

၅။

မှတ်ပုံတင်မိတ္တူ (လျှောက်ထားသူ)

၆။ 

ဓာတ်ပုံ()ပုံ (လျှောက်ထားသူ)

၇။  

အောက်ဖော်ပြပါ လုပ်ငန်းများအတွက် အမှတ်စဉ်( မှ ထိ) အထောက်အထားများအပြင် လုပ်ငန်းအမျိုးအစားပေါ် မူတည်၍ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်ပူးတွဲ တင်ပြရမည်ဖြစ်ပါသည်-

၈။ 

တည်းခိုခန်းလုပ်ငန်းလိုင်စင်အတွက်
(
က)   သက်ဆိုင်ရာ ရဲစခန်း၏ထောက်ခံချက်
(
)    မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ထောက်ခံချက်
(
)    အခန်းဖွဲ့စည်းပုံ (ဆောက်အအုံနှင့်ကုန်ရုံဌာန၏ ဆောက်လုပ်ခွင့် ခွင့်ပြုမိန့်)
(
)   ပိုင်ဆိုင်မှုအထောက်အထား (သို့) ငှားရမ်းလုပ်ကိုင်ပါက အငှားစာချုပ်မိတ္တူ

၉။ 

အစားအသောက် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းလိုင်စင်အတွက် FDA ထောက်ခံချက်    
(
ကမုန်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော စက်ရုံ
(
)   ကြာဇံ စက်ရုံ
(
)   ရေသန့် စက်ရုံ
(
ငါးပိ၊ ငံပြရည်၊ ဆော့ထုတ်လုပ်သည့်စက်ရုံ
(
)   အချိုရည် စက်ရုံ
(
)   အသင့်စား အသားခြောက်လုပ်ငန်း

၁၀။ 

တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ထောက်ခံချက်
(
ကစက္ကူစက်ရုံ
(
)   အရက်ချက်စက်ရုံ
(
)   ပုံနှိပ်လုပ်ငန်း
(
ကွန်ပျူတာစက်ကြီး၊ စက်ပန်းထိုးနှင့်ဆက်စပ်လုပ်ငန်းများ
(
)   ရေခဲစက်ရုံ

၁၁။

စက်မှုလက်မှု လုပ်ငန်းများအား သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်များ (သို့) ထောက်ခံချက်

 Reference http://www.emandalay.gov.mm/topic/421-ga4t1.html

             (၂) ဝင်ငွေခွန် (ပတခ/ဝင-၈)


မိမိလုပ်ငန်း၏ တစ်နှစ်စာ အမြတ်ငွေ အား နိုင်ငံတော်သို့ ဝင်ငွေခွန် ပေးဆောင်ထားသည့် ပြေစာ ()နှစ်စာ    https://www.mopf.gov.mm/








to be continue





















































































ချေးငွေဖြင့် လုပ်ငန်းလုပ်လျှင် အောင်မြင်မှာလား

 ချေးငွေ ဖြင့် လုပ်ငန်းလုပ်လျှင် အောင်မြင်မှာလား မိတ်ဆွေတို့ လုပ်ငန်းရှင်များ အနေဖြင့် ဘဏ်ချေးငွေ ယူပြီး လုပ်ငန်းဆောင်ရွက်ဖို့ စဉ်းစားနေလျှင...