ချေးငွေလျှောက်ထားရန် လုပ်ဆောင်ရန်ကိစ္စများ
မြန်မာနိုင်ငံတွင် ဘဏ်များစွာရှိသည့်အလျောက် လျှောက်ထားနိုင်သည် ချေးငွေအမျိုးအစား များစွာရှိပါသည်။ ဘဏ်များသည် ၎င်းတို့၏ Bank Policy များပေါ်မှုတည်၍ (၁)နှစ်တို(short term) (၂)နှစ်လတ်(medium term) (၃)နှစ်ရှည်(long term) ချေးငွေများအား ထုတ်ချေးပေးလေ့ရှိပါသည်။
ချေးငွေချေးယူရန် စဉ်းစားနေသောလုပ်ငန်းရှင်များ အနေဖြင့် မိမိလုပ်ငန်း၊ မိမိအစီအစဉ်၊ မိမိနေရာဒေသဖြင့် ကိုက်ညီသော ချေးငွေအား ရွေးချယ်လျှောက်ထားမှသာလျှင် ချေးငွေရရှိရန် ရာခိုင်နှုန်းများ မည် ဖြစ်ပါသည်။ သို့မဟုတ် လျှင် အချိန်ကုန်ငွေပန်း၍ စိတ်ပင်ပန်းမည်သာဖြစ်ပါသည်။
| Central Bank Rate | 7%pa |
| Minimum Bank Deposit Rate | 5%pa |
|
Maximum Bank Lending Rate (Secured) Maximum Bank Lending Rate (Unsecured) |
10%pa 14.5%pa |
Reference: central bank of myanmar
လုပ်ငန်းရှင်များအနေဖြင့် ချေးငွေလျှောက်ထားမည်ဆိုပါက အောက်ပါအချက်အလက်များ အဆင့်ဆင့်ပြင်ဆင်ရမည်ဖြစ်ပါသည်။
(၁) လုပ်ငန်းလိုင်စင်/ စည်ပင်လိုင်စင်
လုပ်ငန်းလိုင်စင် အား သက်ဆိုင်ရာ မြို့အလိုက် စည်ပင်သာယာရေးဌာန တွင် သွားရောက် လျှောက်ထားရမည်ဖြစ်ပါသည်။ လိုအပ်ချက်များမှာ -
လုပ်ငန်းလိုင်စင်သစ် လျှောက်ထားရာတွင် ပူးတွဲတင်ပြရသည့် ထောက်ခံချက်များ
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနသို့ လုပ်ငန်းလိုင်စင်သစ် လျှောက်ထားရာတွင် အောက်ဖော်ပြပါ အချက်အလက်များ ပူးတွဲတင်ပြရမည် ဖြစ်ပါသည်-
|
၁။ |
ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံချက်။ |
|
၂။ |
မြို့နယ်(သို့) ဗဟိုမီးသတ် ဦးစီးဌာန ထောက်ခံချက် (လျှောက်လွှာတွင် ဖြည့်စွက်ပုံစံ ပါရှိပါသည်)။ |
|
၃။ |
ဘေးပတ်ဝန်းကျင် အိမ်များ၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက် (လျှောက်လွှာတွင် ဖြည့်စွက်ပုံစံ ပါရှိပါသည်)။ |
|
၄။ |
အိမ်ထောင်စုဇယား မိတ္တူ (လျှောက်ထားသူ)။ |
|
၅။ |
မှတ်ပုံတင်မိတ္တူ (လျှောက်ထားသူ)။ |
|
၆။ |
ဓာတ်ပုံ(၃)ပုံ (လျှောက်ထားသူ)။ |
|
၇။ |
အောက်ဖော်ပြပါ လုပ်ငန်းများအတွက် အမှတ်စဉ်(၁ မှ ၆ ထိ) အထောက်အထားများအပြင် လုပ်ငန်းအမျိုးအစားပေါ် မူတည်၍ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်ပူးတွဲ တင်ပြရမည်ဖြစ်ပါသည်- |
|
၈။ |
တည်းခိုခန်းလုပ်ငန်းလိုင်စင်အတွက် |
|
၉။ |
အစားအသောက် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းလိုင်စင်အတွက် FDA ၏ ထောက်ခံချက်
|
|
၁၀။ |
တိုင်းဒေသကြီး
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ထောက်ခံချက် |
|
၁၁။ |
စက်မှုလက်မှု လုပ်ငန်းများအား သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်များ (သို့) ထောက်ခံချက် |
Reference http://www.emandalay.gov.mm/topic/421-ga4t1.html
(၂) ဝင်ငွေခွန် (ပတခ/ဝင-၈)
မိမိလုပ်ငန်း၏
တစ်နှစ်စာ အမြတ်ငွေ အား နိုင်ငံတော်သို့
ဝင်ငွေခွန် ပေးဆောင်ထားသည့် ပြေစာ (၃)နှစ်စာ https://www.mopf.gov.mm/
| ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| to be continue | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||

No comments:
Post a Comment